Telegram Web Link
Got the music ahh vibes
ဘယ်တုန်းကမှအပိုင်မရခဲ့ဖူးတဲ့အရာလေးတစ်ခုကိုတစ်ချိန်ချိန်မှာထပ်ပြီးဆုံးရှုံးရမယ်မှန်းသိရက်နဲ့ထိန်းသိမ်းထားရခြင်းကိုဘာနဲ့များခေါင်းစဉ်တပ်နိုင်မလဲဗျာ။
*ဆုံးရှုံးခြင်း"
ဆုံးရှုံးခြင်းဆိုတဲ့အဓိပ္ပာယ်ကအပိုင်ရခဲ့ပြီးမှဖြစ်တာမျိုးပါ တကယ်တမ်းကျအပိုင်ရတယ်လို့အထင်လွဲခဲ့ရုံပဲ
ချစ်ရပါသောသွယ်
တကယ်ဆိုကိုယ်အဲ့လောက်မညံ့ခဲ့ဘူး သိပ်ချစ်တာမို့သာလျစ်လျူရှုခဲ့ခြင်းမျိုးဖြစ်တယ်။ကိုယ်ဘာလဲသိပ်သိတာပေါ့သွယ်မို့ပေါ့အချစ်ရယ်
“မြတ်နိုးခြင်း”
ရွေးစရာတွေအများကြီးထဲကမှကျွန်တော့်ကိုနာကျင်စေမယ့်အရာလေးကိုပဲတွေဝေမှုမရှိရွေးချယ်ခဲ့မိတယ် နောင်တတော့မရပါဘူး တကယ်ဆိုကိုယ်သွယ့်ကိုချစ်တာကဘာအကြောင်းပြချက်နဲ့မှမဟုတ်ခဲ့ဘူး သွယ်ဖြစ်နေလို့ကိုချစ်တာ
တစ်ခါတလေတော့လည်းသန်မာပြရတာပင်ပန်းပါတယ် တကယ်ဆိုကိုယ်ကအသဲမမာဘူး။တစ်ချိန်ကြထပ်ပြီးလုပ်ရက်ဦးမယ်ဆိုတာလည်းသိပါတယ်။ဘာပဲဖြစ်ဖြစ်အချစ်တွေမလျော့ပါဘူး အမြဲချစ်တာမို့ပါ ကိုယ်သွယ့်ကိုပြောဖူးတာပဲ ကိုယ့်မှာသတ္တိရှိပါတယ်လို့ လုပ်ရက်လည်းလုပ်ရက်ပါစေတော့။ သိပ်ချစ်တာမို့ပေါ့ မင်းကအမြဲတမ်းအတွက်အလှဆုံးမိန်းကလေးပါပဲ။
မှတ်ချက်။သွယ့်ကိုပြောချင်ပေမယ့်မပြောထွက်တဲ့စကားများသာ
Channel name was changed to «Men do have feelings, I'm a man too»
2025/02/21 14:46:17
Back to Top
HTML Embed Code: